ငပလီကမ်းခြေ ခရီးစဉ် | Taw Win Nan Htake Htar Travels
Skip to main content
ခရီးစဉ် ငပလီ ကမ်းခြေ
ကြာချိန် ၄ ညအိပ် ၅ ရက်
ဈေးနှုန်း ၁၉၀၀၀၀ ကျပ်

ငပလီကမ်းခြေ ခရီးစဉ်

လည်ပတ်မည့် နေရာများ -

  • သဲသောင်ဖွေးဖွေး ကမ်းခြေတလျောက် စက်ဘီးစီးရင်း ရေကူးရင်း အနောက်ဘက်ကမ်းက နေဝင်ချိန်ကို စောင့်ကြည့် ကြမယ်
  • ဒီလို ဒီလို ပင်လယ်စာ လတ်လတ်ဆတ်ဆတ်တွေ သုံးဆောင်ကြမယ်
  • ကမ်းခြေမှာ တည်းခို အပန်းဖြေရင်း ကြည်လင်တဲ့ ကောင်းကင်မှာ ကြယ်တွေကို ရေတွက်ကြမယ်
  • အရမ်းလှတဲ့ ကမ်းရိုးတန်းရဲ့ ကျောက်ဆောင်တွေ ပေါ်မှာ ဓါတ်ပုံလှလှတွေ ရိုက်ကြပါအုံးမယ်
  • ရှုမောဖွယ်ရာ ရှုခင်းများနှင့် လတ်ဆတ် သော လေထုများကို ရှုရှိုက်ရင်း Snorkeling လုပ်မယ်ဆိုလည်း ရပါသေးတယ်
  • ကြည်ညိုဖွယ်ရာ ရဟန္တာ နှစ်ဆူ၏ ရုပ်ကလာပ် တော်ကို သွားရောက်ဖူးမြော်ကြမယ်
  • သံတွဲမြို့ရဲ့အထင်ကရ မဒေးရပ်တော်မူ ဘုရားကြီးကိုလည်း ဖူးမျှော်ပါမယ်
  •  မြတ်စွာဘုရားရှင် ဗျာဒိတ်ပေး တည်ထား ကိုးကွယ်ခဲ့သော ဆံတော်၊နံတော်၊ အံတော် စေတီ များကိုလည်း ဖူးမြှော်ကြပါမယ်
  • ငါးပိ၊ငါးခြောက် နဲ့ ရခိုင်လုံချည်များ အိမ်ပြန် လက်ဆောင်ဝယ်ယူနိုင်ဖို့ သံတွဲဈေးနှင့် ဈေးတန်းသို့လည်း ပို့ဆောင်ပေးပါမယ် ခင်ဗျာ

အဆင့်မြင့် စားရိတ်ငြိမ်း PACKAGE ခရီးစဉ်ဖြစ်သည့် အတွက် Hotel တွင် တည်းခိုခြင်း …နေ့စဉ် နံနက်စာ၊ နေ့လည်စာ၊ ညစာနှင့် အခြား ဝန်ဆောင်မှုများ အပြည့်အစုံပါဝင်ပြီး ခရီးစဉ်တလျောက် မိမိ ကိုယ်ပိုင် အသုံးစားရိတ်မှ အပ အခြားမည်သည့် အဖိုးအခမျှ ထပ်မံ ကောက်ခံခြင်း မရှိတော့ပဲ Tour Leader များမှ ပျော်စရာ Game ကစားခြင်း၊ ဉာဏ်စမ်း ပဟေဋိ အစီအစဉ်များ၊ ကံစမ်းမဲနှင့် လက်ဆောင်ပေးခြင်း အစရှိတဲ့ ဝန်ဆောင်မှု အပြည့်အစုံဖြင့် သွားရောက်ရမှာ ဖြစ်ပါတယ် ခင်ဗျာ