မြိတ် - ဒုံးရေတံခွန် - ဆလုံရွာ- စမတ်ကျွန်း | Taw Win Nan Htake Htar Travels
Skip to main content
ခရီးစဉ် မြိတ် - ဒုံးရေတံခွန် - ဆလုံရွာ- စမတ်ကျွန်း
ကြာချိန် ၄ ညအိပ် ၅ရက်

မြိတ် - ဒုံးရေတံခွန် - ဆလုံရွာ- စမတ်ကျွန်း

သွားလည်မယ့်နေရာလေးတွေကတော့

ဒုံးရေတံခွန် - ဆလုံရွာ- စမတ်ကျွန်း

  • ပင်လယ်ထဲသို့စီးဆင်းနေသော ဒုံညောင်မှိုင်းရေတံခွန်မှာ ရေကစားရင်း
  • မြိတ်ကျွန်းစုမှာ တဖြည်းဖြည်း ရှားပါးလာတဲ့ ပင်လယ်ပျော်လို့ခေါ်တဲ့ ဆလုံလူမျိုးတို့ရဲ့ရွာသို့အလည်သွားပြီး ဆလုံလူမျိုးတို့ရဲ့ လူနေမှုဘဝဓလေ့စရိုက်များကို လေ့လာရအောင်။
  • ကျွန်းသို့သွားရာ လမ်းတစ်လျှောက်တွင်လည်း သဘာဝပေါက်ပင်များဖြစ်တဲ့ ဒီရေတောများနှင့် ကမ်းရိုးတန်းရဲ့အလှကိုခံစားရင်း
  • သဘာဝ အလှတွေနဲ့ပြည့်နှက်နေတဲ့ပါပန့်ကျွန်းမှာ အနားယူ အပန်းဖြေကာ ပင်လယ်ရေအောက် သန္တာကျောက်တန်းများ ၊ အပင်များ နှင့် ပင်လယ်နေ ငါးမျိုးစိတ်များကို Snorkeling လုပ်ရင်း ကြည့်ရှုခံစားကြမယ်။

မြိတ်မြို့တစ်ခွင်

  • မြိတ်မြို့ရဲ့ကျက်သရေဆောင် သိမ်တော်ကြီး ဘုရား ဖူးရင်း နေဝင်ဆည်းဆာ အလှဓာတ်ပုံရိုက်ကူးကြမယ်။
  • အောင်သိဒ္ဒိကုန်းတော်ပေါ်မှာ တည်ရှိသော ဆုုတောင်းပြည့် ပေါ်တော်မူ ဆံတော်ရှင် မြတ် သွားရောက်ဖူးမြော်ကြမယ်။
  • မြိတ်မြို့ရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ ရွှေသာလျောင်းဘုရားကို ဖူးမြော်ကြမယ်။
  • ငှက်သိုက်အိမ်လေးမှာ ဇီဝစိုး ငှက်လေးတွေရဲ့ အသိုက်ဆောက်ပုံကိုလေ့လာကြမယ်။
  • လှေထောင့်ကျင်းကိုသွားရောက်ပီး ငါးဖမ်းစက်လှေများ တည်ဆောက်နေပုံကို သွားရောက်လေ့လာမယ်။
  • မြိတ်ဒေသရဲ့ထွက်ကုန်တစ်မျိုးဖြစ်တဲ့ သီဟိုစေ့ လုပ်ငန်းများကိုလည်းသွားရောက်လေ့လာကြမယ်။
  • မြိတ်ဒေသထွက်ပုလဲနှင့် ဒေသထွက် လက်ဆောင်ပစ္စည်း များကို ဝယ်ယူနိုင်မည့် အစီအစဉ်
  • မြိတ်မြို့ရဲ့သမိုင်းဝင် ဘုရားကြီးလမ်း
  • အပြန်မှာတော့ ထားဝယ်မှာ မျောလေးမျော သမိုင်းဝင် ရှင်မုတ္တီးဘုရား၊ ပသျှူးကြောက်ဘုရား တို့ကိုလည်းဖူးမျှော်ကြမယ်နော်။

ပါဝင်သောဝန်ဆောင်မှုများ

  • လည်ပတ်ရန် Scania ကား
  • ဟိုတယ်တွင် 2 ညတာတည်းခိုခွင့်
  • မနက်စာ၊ နေ့လည်စာ၊ ညစာ၊ နေ့လည်ခင်း အဆာပြေ ရိုးရာမုန့်များ
  • ရေသန့်၊စနိုးတာဝါ နေ့စဉ်ပေးဝေခြင်း
  • ကျွန်းသို့သွားသော Speed Boat ခ၊ ဝင်ကြေးများ
  • ခရီးစဉ်တစ်လျှောက်ဝန်ဆောင်မှုပေးမည့် Guide
  • Snorkeling လုပ်ရန် ပစ္စည်းကိရိယာများ၊ အသက်ကယ်အင်္ကျီ