မြစ်ကြီးနား - အင်းတော်ကြီး - ဇလုံတောင် - မြစ်ဆုံခရီးစဉ် | Taw Win Nan Htake Htar Travels
Skip to main content
ခရီးစဉ် မြစ်ကြီးနား - အင်းတော်ကြီး - ဇလုံတောင် - မြစ်ဆုံခရီးစဉ်
ကြာချိန် ၅ ညအိပ် ၆ရက်

မြစ်ကြီးနား - အင်းတော်ကြီး - ဇလုံတောင် - မြစ်ဆုံခရီးစဉ်

ခရီးစဉ် အကျဉ်း

Day 1 - ရန်ကုန်မှ ထွက်ခွာ
Day 2 - ဗန်းမောက် - - ဇလုံတောင် - အင်းတော်
Day 3 - အင်းတော် - ရွှေမဉ္ဖူ - မြစ်ကြီးနား
Day 4 - မြစ်ကြီးနား - မြစ်ဆုံ - ဆဒုံး
Day 5 - မြစ်ကြီးနား - မန္တလေး
Day 6 - မန္တလေး - ရန်ကုန်

အဆင့်မြင့် စားရိတ်ငြိမ်း PACKAGE ခရီးစဉ်ဖြစ်သည့် အတွက် နံနက်စာ၊ နေ့လည်စာ၊ ညစာ၊ 3star ဟိုတယ်တွင် ၃ ညတည်းခိုခွင့် ၊နေ့စဉ်သောက်ရေသန့် ၊ တာဝါ၊ ရှုဆေး နှင့် အခြား ဝန်ဆောင်မှုများ အပြည့်အစုံပါဝင်ပြီး ခရီးစဉ်တလျောက် မိမိ ကိုယ်ပိုင်အသုံးစားရိတ်မှအပ အခြားမည်သည့် အဖိုးအခမျှ ထပ်မံကောက်ခံခြင်း မရှိတော့ပဲ ခရီးလမ်းကျွမ်းကျင် Tour Leader များမှ ပျော်စရာ Game ကစားခြင်း… ဉာဏ်စမ်း ပဟေဋိအစီအစဉ်များ နှင့် ကံစမ်းမဲ နှင့် လက်ဆောင်ပေးခြင်း…အစရှိတဲ့ ဝန်ဆောင်မှု အပြည့်အစုံဖြင့် သွားရောက်ရမှာ ဖြစ်ပါတယ် ခင်ဗျာ

ခရီးစဉ် တလျောက်မှာ ပျော်ရွှင်စွာ သွားရောက်မှာ ကတော့ -

  •  ဗန်းမောက်မြို့ရှိ ဇလုံတောင်
  •  အရှေ့တောင်အာရှရဲ့ အကြီးဆုံး ကန်ကြီးဖြစ်တဲ့ သာယာလှပတဲ့ အင်းတော်ကြီးကန် အတွင်းမှ ရွှေမဉ္စူ ဘုရား
  • မန္တလေးမြို့၏ကျက်သရေဆောင် မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး
  • ကချင်ပြည်နယ်မြို့တော် ကချင်လူမျိုးတို့ရဲ့ မြစ်ကြီးနားမြို့
  • ကချင်ပြည်နယ်ရဲ့ အထိမ်းအမှတ် မနောတိုင်ရှိရာ မနောကွင်း
  • ရာဇဝင်များရဲ့ သတို့သမီး ဧရာဝတီရဲ့ အစပြုရာ မေခနဲ့မလိခ ပေါင်းစည်းရာ မြစ်ဆုံ
  • ရေတံခွန်အဆင့်ဆင့် ၁၁ ထပ် မြင့်တဲ့ ဆဒုံး ရေတံခွန် ခေါ် လန်နခ ရေတံခွန်
  • ဧရာဝတီ မြစ်ကမ်းဘေး ရှုခင်းအလှနဲ့ ရွှေမိုးတောင် စေတီ ၊ ဆုတောင်းပြည့် ဘုရား
  • မြစ်ကြီးနားမြို့ ကျက်သရေဆောင် လျောင်းတော်မူဘုရား၊ ရပ်တော်မူဘုရား
  • ဂျော်ဘွမ် ဆုတောင်းတောင်
  • ကချင်ရိုးရာ အမှတ်တရ ပစ္စည်းများ ဝယ်ယူနိုင်မည့် မြစ်ကြီးနားဈေး အရောင်းဆိုင်များ

ဒါ့အပြင်

  • လျှာလည်စေမယ့် ကချင်ရိုးရာ စားသောက်ဖွယ်ရာများ မြည်းစမ်းကြမယ်
  • မြစ်ဆုံ ဆိုင်တန်းလေးတွေမှာ ငါးကင်နဲ့ ကချင် ခေါင်ရည် မြည်းစမ်း ရမယ်
  • မြစ်ဆုံမှ ကချင်ရိုးရာ အဝတ်အစားများ ဝတ်ဆင်ပြီး အမှတ်တရ ဓါတ်ပုံများလည်း ရိုက်ကူးကြပါအုံးမယ်
  • မြစ်ကြီးနားမြို့မဈေးမှာ ကချင်ရိုးရာ ချည်ထည်များ ၊ အမှတ်တရ လက်ဆောင် ပစ္စည်းများ ဝယ်ကြမယ်
  • မြစ်ကြီးနားမြို့နာမည်ကျော် ညဈေးတန်းကိုလည်း လျောက်လည်ရင်း နာမည်ကျော် ကြက်ဥကစော်ကိုလည်း မြည်းစမ်း ကြပါအုံးမယ်
  • ကျောက်မျက်ရတနာ စင်တာမှာ ကမ္ဘာ့နာမည်ကျော်မြန်မာ့ ကျောက်စိမ်းနဲ့ တနိုုင်းဒေသက ထွက်ရှိတဲ့ ပယင်းတို့ကို လေ့လာဝယ်ယူကြမယ်
  • အင်းတော်ကြီးရဲ့ နာမည်ကျော် ငါးရံ့ခြောက် လက်ဆောင်များလည်း ဝယ်ယူရနိုင်ပါမယ်
  • ထိုးမုန့်တန်းမှာလည်း အိမ်အပြန် လက်ဆောင်များ ဝယ်ယူနိုင်မယ်